ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစားအဆင့်မြှင့်သင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစားအဆင့်မြှင့်သင်တန်း ဆင်းပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၂၃


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစား အဆင့်မြှင့်သင်တန်းဆင်းပွဲကို မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မြန်မာ့သိုင်းအားကစား အဆင့်မြှင့်သင်တန်းဆင်းပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေအေးက ၂၀၂၂ ခုနှစ်တွင် မြန်မာ့သိုင်းအားကစားနည်းအား အခြေခံမှသည် အဆင့်မြှင့်အထိသင်တန်းပို့ချပေးခဲ့ရာ ကျောင်းသား/သူများအနေဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သော မြန်မာ့သိုင်းအားကစားအား အဆင့်မြှင့်အထိ သင်ယူတတ်မြောက်ပြီးဖြစ်ရာ ၎င်းအားကစားနည်းကို အကျိုးရှိစွာဖြင့် အသုံးချတတ်စေရန်၊ ကိုယ်ခန္ဓာအတွက် ကျန်းမာဖွံ့ဖြိုးသော ကိုယ်ကာယလေ့ကျင့်ခန်းများ အဖြစ် ပြန်လည်လေ့ကျင့်ကြရန်နှင့် အားကစားဖြစ်နိုင်ငံဂုဏ်ဆောင်နိုင်သော မျိူးချစ်စိတ်ဓာတ်ရှိသော ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားပီးနောက် မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာတော် အရှင်နေမိန္ဒ(သဒ္ဓမ္မဇောတိကဓဇ)က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့သိုင်းအားကစားနည်းအား အခြေခံမှသည် အဆင့်မြှင့်အထိ သင်တန်းဖွင့်လှစ်ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ သည်။


ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းအုပ် အရှင်နေမိန္ဒ(သဒ္ဓမ္မဇောတိကဓဇ)တို့မှ သင်တန်းပို့ချခဲ့သော နည်းပြ၊ နည်းစနစ်မှူးတို့အား ဂုဏ်ပြုချီမြှင့်ငွေများပေးအပ်ခြင်း၊ တက်ရောက်လာသူများက သင်တန်းသား/သူ(၁၅၀)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းနှင့် မြန်မာ့သိုင်းအားကစားအဆင့်မြှင့်သင်တန်းဆင်းပွဲ၌ သင်တန်းသား၊ သင်တန်းသူများကသင်ကြားခဲ့သော မြန်မာ့သိုင်းအားကစားနည်းများကို သရုပ်ပြသပေးပြီး နောက် ၎င်းသင်တန်းကို သင်တန်းကာလမှာ (၈-၉-၂၀၂၂)မှ (၂၁-၁၀-၂၀၂၂)ထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)