မြဝတီခရိုင်ရုံးတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီခရိုင်ရုံးတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

 




MNP - အောက်တိုဘာ   ၂၃


ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍  ကောင်းကျိုးများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်၊ မြဝတီခရိုင်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာရီက  ပြည်သူ့ အကျိုး ပြုဆွေးနွေးပွဲ (Talk Show)ကျင်းပရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပေးပြီး မြို့နယ်တိုင်းရင်း သားဆေးပညာဦးစီးဌာနမှ လက်ထောက်ဒုတိယဦးစီးမှူး  ဦးမျိုးမင်းသူကမိမိတို့တိုင်းရင်းဆေးပညာဌာနမှလူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်ရေး၊ ရောဂါဘယကင်းရှင်‌ရေးအတွက် လုပ်ဆောင်နေသည့် ရည်မှန်း ချက်များ၊ရည်ရွယ်ချက်များ၊  ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်ဒေသအဆင့်ထိ ကွင်းဆင်းဆောင်ရွက်ပေးကြောင်းနှင့် မြန်မာ့တိုင်းရင်းဆေး ပညာကုသနည်းဖြင့်ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များ သိကောင်းစရာတို့ကို အသေးစိတ်  ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)