မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်



MNP - အောက်တိုဘာ   ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်သတိပြုနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများ ပြန်လည်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်ထပ်မံတွေ့ရှိသည့် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထာသည့်ကာ ကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာပြည်သူများအနေဖြင့် မပျက်ကွက် အကြိမ်ရေပြည့်ဝစွာထိုးနှံကြပါရန်  စသည့်အချက်များကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။


သတင်း - မြင့်သွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)