ဗန်းမော်မြို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၂၅


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က နိုင်ငံတော် အစိုးရရဲ့ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အိမ်တွင်းမှုသင်တန်း ကျောင်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုလည်းကောင်း သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပေးတဲ့ အတတ်ပညာများကို ကြိုးစားသင်ယူရင်း သင်တန်း စည်းကမ်း၊ ကျောင်းစည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို တတ်မြောက်အောင်သင်ယူကြရန် လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ပြည်ထောင်စု စိတ်ဓာတ်ပြည့်ဝစွာနှင့် သင်တန်းကာလအတွင်း သင်တန်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်သွားကြရန် လိုအပ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်သိမ့်သိမ့်စိုးက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများက သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားများ ပြောကြား ခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းက ခင်းကျင်းပြသထားသည့် ယခင် သင်တန်းသူများ၏ လက်ရာများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ သင်တန်းကို သင်တန်းသူ(၃၅)ဦး တက်ရောက်ပြီး ၂၅.၁၀.၂၀၂၂ ရက်မှ ၂၄.၃.၂၀၂၂ ရက်ထိ (၂၂)ပတ် ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)