တပ်မတော် ၏ အကြမ်းဖက်အန္တရာယ် တားဆီး ကာကွယ် ချုပ်ငြိမ်းရေး ပြတ်သားသော ဆောင်ရွက်ချက်များအပေါ်
ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၅-၁၀-၂၀၂၂
KIA တပ်မဟာ(၉) နယ်မြေအား တပ်မတော်က စစ်ဆင်ရေးတန်ပြန်ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် လုပ်ကြံဖန်တီး ဖော်ပြမှုများကြောင့် ပြည်သူများကြားတွင် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် -
KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း၊
ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင်ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊
ခန္တီးမြို့အနီး နိုင်ငံတော်သို့တရားဝင် အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်း
ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိကျသေချာစွာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ပြည်သူလူထုအနေဖြင့် မိမိတို့ တိုင်းပြည်တွင် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သိရှိနားလည်ထားပြီး ဖြစ်ပါလိမ့်မည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လှုပ်ရှားမှုများအပေါ်တွင်လည်းကောင်း၊ CRPH, NUG တို့နှင့် ပူးပေါင်း၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသည့် KNU, KIA, TNLA, KNLA အစရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ဥပဒေစိုးမိုးရေးကို အလေးထား၍ ထိရောက်ပြင်းထန်စွာ နှိမ်နင်းခဲ့ခြင်း မရှိပါ။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မဆို တွေ့ဆုံဆွေးနွေးနိုင်ရန် တံခါးဖွင့် ကြိုဆိုခဲ့သည်ကို တွေ့ရှိရပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်ကိုလည်း တွေ့မြင်ရပါသည်။
NUG, CRPH နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော KNU, KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းမရှိဘဲ ပြည်ပြေး ဝရမ်းပြေးများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများကို လိုက်ပါလုပ်ဆောင်၍ ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ကုန်တင်ကားကြီးများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့ကြသည်။
ထိုသို့သော အကြမ်းဖက်အဖွဲ့များအပေါ် တပ်မတော်က ငဲ့ညှာထောက်ထားစာနာခဲ့ခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း (၄၀၀၀)ဝန်းကျင်ကို CRPH, NUG ၏ သြဇာခံ PDF နှင့် KNU, KIA, KNLA အစရှိသော လက်နက်ကိုင် တပ်ဖွဲ့များက ကြက်ကလေး၊ ငှက်ကလေး သတ်သလို လွယ်လင့်တကူ လုပ်ကြံသတ်ဖြတ်နေသည့် လုပ်ရပ်များအပေါ် ပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလာပြီဖြစ်သည်။ တပ်မတော်အနေဖြင့် ထိုသို့သော အကြမ်းဖက်အဖွဲ့များအပေါ် ဆက်လက် သည်းခံခွင့်လွှတ်နေမည်ဆိုပါက ထောင်ပေါင်းများစွာသော ပြည်သူများမှာ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးရအုံးမည်ဖြစ်ပါသည်။
အထူးအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် KIA, PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်း/ စာသင်ကျောင်းများအပေါ် ဒရုန်းဖြင့် ဗုန်းကျဲခြင်းများကို ယနေ့တိုင်အောင် ကျူးလွန်နေကြဆဲဖြစ်ပါသည်။
တပ်မတော်အနေဖြင့် နေ့စဉ်ပြည်သူတို့၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသော မည်သည့်အကြမ်းဖက်အဖွဲ့ကိုမဆို တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ နှိမ်နင်းဖယ်ရှားရန် တာဝန်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းမှုအတွက် တပ်မတော်နှင့်တသားတည်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အကြမ်းဖက်အန္တရာယ် ကင်းဝေးပါမှ မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝကို အေးချမ်းစွာ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
တပ်မတော်နှင့်အတူ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းများ အားလုံးကို လေးစားဂုဏ်ပြုပါသည်။ တပ်မတော်ကို တော်လှန်နေသည်ဟု ခေါင်းစဉ်တပ်၍ နေ့စဉ် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျှက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများအား ထိရောက်ပြတ်သားစွာ နှိမ်နင်းဖယ်ရှားသော တပ်မတော်၏ ဆောင်ရွက်ချက်များကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
Myanmar National Post
No comments:
Post a Comment