MNP - အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာသို့ စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က ပဲကြီးအင်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်း ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော် မတီဝင်များနှင့် ကျေးရွာသူ/သားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း စီမံကိန်းအတွက် ချေးငွေကျပ်သိန်း (၃၀၀)နှင့် မြောင်ရှည်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဆယ်ပေးကျေးရွာတို့၌ စီမံကိန်းချေးငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment