အမ်းမြို့နယ်၌ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - အောက်တိုဘာ  ၁၅


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခရိုင်/မြို့နယ် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းနားတွင် အမ်းခရိုင်မိသားစုစည်းရုံးရေးနှင့်စည်း ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းအိခိုင်က အဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့်တွေ့ဆုံကာ မိမိနေထိုင်လျက်ရှိကြသော နေအိမ်လိုင်းခန်းများ သန့်ရှင်းစေရေးအတွက် သန့်ရှင်းရေး စနစ်တကျ ပြုလုပ်စေလို ကြောင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေး၊ လျှပ်စစ်မီးကိုအန္တရာယ်ကင်းစွာ စနစ်တကျသုံးစွဲရေး၊ နေအိမ်လိုင်းခန်းများအတွင်း သောက်စားမှုးယစ်ပြီး ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေး အလေးထား လိုက်နာကြစေလိုကြောင်း အတူနေ မိသားစုများအချင်းချင်းသော်လည်း ကောင်း၊ ပတ်ဝန်းကျင်ရှိ မိသားစုဝင်များနှင့် မိသားစုသဖွယ် ချစ်ခင်ရင်းနှီးပြီး အချင်းချင်း ရိုင်းပင်းကူညီကြစေလိုကြောင်း၊ ဝန်ထမ်းနှင့်အတူနေ မိသားစုဝင်များမှာလည်း ကိုဗစ်-၁၉ ရေဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ထိုးနှံဆောင်ရွက်သွားစေလိုကြောင်း ခရိုင်/မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် များနှင့် မိသားစုဝင်များမှ အခက်အခဲများရှိပါက တင်ပြဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ အမ်းခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းအိခိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာ သည့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် ကြက်ဥ ၁၀ လုံးနှင့်စည်းကမ်းထိန်းသိမ်းရေးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)