MNP - အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီး တပ်နယ်အခြေခံစား သောက်ကုန်နှင့် အသားငါး၊ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစည်ပင်သာယာရေးဈေးအနီးရှိ ဥပဒေရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥ၊ ဂေါ်ရခါးသီး၊ ပဲသီး၊ ချဉ်ပေါင်ရွက်စသည့် ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment