ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာရောင်းချပေး

 


MNP - အောက်တိုဘာ ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ခမောက်ကြီးမြို့ မြခွာညိုလမ်းထိပ်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ စားသောက်ကုန်များရောင်းချခြင်းအစီအစဉ်ကို ခမောက်ကြီးမြို့ တပ်နယ်မိသားစုများက တပ်ရင်း၊ တပ်ဖွဲ့အလိုက် အလှည့်ကျလာရောက်ရောင်းချပေးခြင်းဖြစ်ပြီး၊ ယနေ့တွင် ခလရ(၂၈၈)တပ်ရင်းမိသားစုမှ ဆန်တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ ဆီ(၅၀)သားတစ်ဘူးလျှင် (၃၀၀၀) ကျပ်၊ နွားနို့(၁)ဘူးလျှင်(၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၇)လုံးလျှင်(၁၀၀၀)ကျပ်၊ ဟင်းရွက်တစ်စည်းလျှင်(၁၀၀)ကျပ်၊ ကြက်တစ်ကောင်လျှင်(၈၀၀၀)ကျပ် စသည်ဖြင့် မြို့နေပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)