MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ မောင်နီရွာ အလွန်ချောင်း ဒီရေတော အနီး၌ အောက်တိုဘာ ၂၁ ရက် (၀၁:၄၅)အချိန် တရားမဝင်ရွှေထည်ပစ္စည်းများ ား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ နတ်မြစ်ကမ်းတစ်လျှောက်ရှာဖွေရာ မောင်နီရွာ အလွန်ချောင်းပေါက်ဝငယ် တစ်ခုအရောက်၌ ဒီရေတောအတွင်း ဖုံးကွယ်ကမ်းထိုးထားသည့် အလျား ၂၁ ပေ ၊ အနံ ၃ ပေ ၊ ရေစူး ၂ ပေ၊ သစ်သားကိုယ်ထည်လောင်းလှေ တစ်စီးအား တွေ့ရှိရာ လှေအတွင်းမှ KIXX တံဆိပ်ပါ အင်ဂျင်ဝိုင်ပုံးအဟောင်းအတွင်း အမဲရောင် ပလက်စတစ်ဖြင့် ထုပ်ထားသည့် အထုတ်(၄)ထုတ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ၁၅ ပဲရည် ရွှေထည်ပစ္စည်း(၁၅၈)မျိုး၊ ရွှေအလေးချိန်(၁၀၇)ကျပ်သား (ကာ လတန်ဖိုး ၁ ကျပ်သားလျှင် (၂၄၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၂၅၆၈၀၀၀၀၀ ကျပ်) နှင့် သစ်သား လောင်း လှေတစ်စီး အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရွှေထည်ပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ ခွင့်ပြုချက်မဲ့ တင်ပို့ရန် ကြိုးစားသူများအား စုံစမ်းဖော်ထုတ်ကာ မြို့မရဲစခန်းတွင် (ပ)၁၀၅/၂၀၂၂ ၊ ပို့/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုအရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး တရားခံများအား သက်ဆိုင်ရာမှ အမြန်ဆုံးဖမ်းဆီးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost



No comments:
Post a Comment