MNP ၊ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ ဈေးတောင်ရပ်ကွက် ရှုခင်းသာ ဗျူးပွိုင့်အနီးဝန်းကျင်ရှိလမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့် ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦး ဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းအဖွဲ့ဖြင့် ရှုခင်းသာ ဗျူးပွိုင့်အနီးရှိလမ်းဘေးဝဲယာရှိ သစ်ပင်ချုံနွယ်ပေါင်းမြက်များ အားခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်း ဆောင်ရွက်ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment