MNP ၊ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက် (၇)နာရီက ပုဏ္ဏားကျွန်းမြို့ နယ်ပြည်သူ့ဆေးရုံခြံဝင်းအတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ ကြီးကြပ်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ မြို့နယ်ပြည်သူ့ဆေးရုံခြံဝင်းအတွင်းရှိ စွန့်ပစ်အမှိုက်သရိုက်များ နှင့်ချုံနွယ်ပေါင်းပင်များအား စုပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များသည် မြို့နယ်ပြည်သူ့ဆေးရုံအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment