MNP ၊ အောက်တိုဘာ ၂၃
ဥရောပနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုကြောင့် ဆန္ဒပြမှုများဖြင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
AP သတင်းဌာန၏ ဖော်ပြချက်အရ ရိုမေးနီးယားတွင် လူနေမှုစရိတ်များ မြင့်တက်လာသည့်အပေါ် ကားဟွန်းတီးဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ပြင်သစ်နိုင်ငံတွင်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို လိုက်လျောညီထွေဖြစ်စေမယ့် လစာတိုးပေးဖို့ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အလားတူ ချက်နိုင်ငံမှ ဆန္ဒပြသူများက စွမ်းအင်အကြပ်အတည်းနှင့် ပတ်သက်၍ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိပြီး အင်္ဂလန်(ဗြိတိန်)နှင့် ဂျာမဏီတို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်မှုအပေါ် ဗြိတိန်မီးရထားဝန်ထမ်းများနှင့် ဂျာမန်လေယာဉ်မှူးတို့က သပိတ်မှောက်ခဲ့ကြသည်။
ဥရောပတစ်ဝှမ်းတွင် ငွေကြေးဖောင်းပွမှုကြောင့် လူနေမှုစရိတ်မြင့်တက်လာသည့်အပေါ် ဆန္ဒပြမှုများဖြစ်ပေါ်လာပြီး နိုင်ငံရေးအတည်ငြိမ်မှု နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ပေါက်လျက်ရှိသည်။
ယူကရိန်း - ရုရှားရဲ့ စစ်ပွဲကြောင့် သူတို့ရဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ဈေးတွေ တက်လာတာကို ဥရောပသားတွေက သိမြင်လာကြတယ်လို့ AP သတင်းတွင် ဖော်ပြထားသည်။
Photo - AP
https://t.me/MyanmarNationalPost





No comments:
Post a Comment