ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် အမှတ်(၂)ရပ်ကွက်မှ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် အမှတ်(၂)ရပ်ကွက်မှ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ



MNP - အောက်တိုဘာ ၂၈


ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျောက်မဲမြို့ ရန်ကင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောက်မဲခရိုင်ရဲမှူး၊ ဒုတိယရဲမှူးကြီးနိုင်ထွန်းသူက တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျောက်မဲခရိုင် မြေစာရင်းဦးစီးဌာန၊ ကျောက်မဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဌာနတို့မှ တာဝန်ရှိသူများကဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။


ထို့နောက် ရပ်ကွက်နေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ပြည်သူ(၇၀)ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ  ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)