ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရ သူများ/သေဆုံးသူများအား ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရ သူများ/သေဆုံးသူများအား ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်



MNP - အောက်တိုဘာ  ၂၈


ကျောက်ဆည်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများ/ သေဆုံးသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီမှ ချီးမြှင့်ပေးအပ်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက အဖွင့် အမှာစကားများ ပြောကြားခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်လုံနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်နှင့် သေဆုံးသွားခဲ့သည့် သင်ပျိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းဌေး၊ ဆယ်အိမ်မှူး ဦးမောင်ဇော် (ခ) ကျော်ငွေ၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ ဒါန်းတိုင်ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုး၊ လက်ပန်ကျေးရွာရာအိမ်းမှူး ဦးစိုးလွင်ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီမှ ပေးအပ်ချီးမြှင့်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများကို မိသားစုဝင်များ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)