ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများစိုက်ပျိုး



MNP - အောက်တိုဘာ   ၂၂


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများ မျိုးစေ့ထုတ်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်ဟွေ့ကျေးရွာရှိ နေကြာသီးနှံ ပညာပေးစံပြကွက် ကွင်းအမှတ်(၁၃)၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ ဆောင်းနေကြာများ စိုက်ပျိုးခဲ့သည်။


ထိုသို့  စိုက်ပျိုးရာတွင် ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့်ဝန်ထမ်းများက  မော်ဟွေ့ကျေးရွာရှိ "ဝ"တောင်တန်း မျိုးစေ့ထုတ်လုပ်ငန်း သမဝါယမ အသင်းသူ/သား တောင်သူသုံးဦး၏ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးဧက(၅)ဧက၊ ဆီကြိတ် စားသုံးမည့် တောင်သူလေးဦး၏စိုက်ပျိုးဧက(၁၀)ဧက၌ ဒေသခံတောင်သူများနှင့်အတူ အနီးကပ်ကြီးကြပ်၍ မျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပေးခြင်းနှင့် စိုက်ကွင်းများအထိ မျိုးစေ့များ ထောက်ပံ့ပေးခဲ့ပြီး India မျိုး၊ ရေဆင်း(၁)စပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂) နေကြာများ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ဟိုပန်မြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးဧက (၃၂) ဧက လျာထားရာ ယနေ့အထိ စိုက်ပျိုးဧက (၁၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)