NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများဟာ ဆူပူအကြမ်းဖက်လုပ်ရပ်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြဖို့ လှုံ့ဆော်မှုတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလာကြပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကလည်း အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ကြပါတယ်။
ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်လာခဲ့တဲ့ PDF အကြမ်းဖက်သမားများဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိ သော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ သောမနကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်လိုက်ကြပြန်ပါတယ်။
ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိ သော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသောမနအား အကြမ်းဖက်အမျိုးသား ၂ ဦးက ဆွမ်းဘုန်းပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော်မှာ နဖူးမှနောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် ပျံလွန် တော်မူခဲ့ရပါတယ်။
ဆရာတော်ဘဒ္ဒန္တသောမန ကို အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်လိုက်တဲ့ မှတ်တမ်းဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာချိန်မှာ မြင်တွေ့ရသူ ဗုဒ္ဓဘာသာဝင်အားလုံး နှလုံးစိတ်ဝမ်း ညှိုးနွမ်းကြရပါတယ်။ ဆရာတော် ဆွမ်းစားဖို့ ဆွမ်းဝိုင်းမှာ ထိုင်နေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်တဲ့အတွက်ကြောင့် ရဟန်းမစားသော ဆွမ်းတစ်နပ်လို့တောင် ဗုဒ္ဓဘာသာဝင် ပြည်သူများကြားမှာ ယူကြုံးမရ ဖြစ်ခဲ့ကြရပါတယ်။
ဒိဖြစ်စဉ်အပေါ်မှာ ကြားသိရတဲ့ သတင်းတွေအရ ဆရာတော်ဘဒ္ဒန္တသောမန ကို အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ NLD ထောက်ခံသူတွေကြားမှာလည်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ကြတယ်လို့ ကြားသိရပါတယ်။ NLD ပါတီကို ထောက်ခံအားပေးသူများသည်လည်း ဗုဒ္ဓဘာသာဝင် ပြည်သူများ ဖြစ်ပါတယ်။
NLD ထောက်ခံသူတိုင်းဟာ အကြမ်းဖက်သမားများ မဟုတ်ကြပေမယ့် အကြမ်းဖက်သမားတိုင်းဟာ NLD ထောက်ခံသူတွေ ဖြစ်နေပါတယ်။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ကလေးတွေပါ မချန် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို အခုလို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကို ဘာသာခြားတွေက ဦးဆောင်လမ်းညွှန်ခိုင်းစေနေကြပြီဆိုတာ တွေးစရာ ဖြစ်လာပါတယ်။ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေလိုတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေက NLD အစိုးရသက်တမ်းတလျှောက်လုံး ထင်ရှားစွာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။
အခုအချိန်အခါမှာတော့ အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေကို မြှောက်ပေးပြီး လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ ပြည်တွင်း၊ ပြည်ပ ဘာသာခြားအဖွဲ့အစည်းတွေက သံဃာတော်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ဖို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများကို အသုံးချပြီး လုပ်ဆောင်လာခြင်းကြောင့် သံဃာတော်များ ပစ်မှတ်ထား သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။
ဆရာတော်ဘဒ္ဒန္တသောမန ကို အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကတော့ ဗုဒ္ဓဘာသာ အမှောင်ကျတဲ့နေ့၊ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ရတဲ့ နေ့ရက်ဖြစ်ခဲ့ပါတယ်။
ထို့အတူ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံ မီးပွိုင့်အနီး၌ သံဃာတော်တစ်ပါးအား အကြမ်းဖက်သူများက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းကြောင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ရပါတယ်။ အလားတူ ည ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာရှေ့ သိဒ္ဓိအောင်ကျောင်းတိုက်(ရွှေရောင်ပြ)၌ တစ်ပါးတည်းသီတင်း သုံးတော်မူသော ဆရာတော်အား အကြမ်းဖက်သမားများက ဓါးဖြင့် ဝိုင်းဝန်း ခုတ်သတ်ခဲ့ခြင်းကြောင့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပါတယ်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်း မရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်း သံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသောကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအပေါ် မုန်းတီးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်ဟု ပြဋ္ဌာန်းထားသည့် အပြင် ပုဒ်မ ၃၆၂ တွင်လည်း နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော် တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ် သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားကြပါရန် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
https://t.me/MyanmarNationalPost


No comments:
Post a Comment