MNP - အောက်တိုဘာ ၂၃
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၁၇ရက်နေ့တွင်ကျရောက်တော့မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၂၁ရက် နံနက်၁၀နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ခေါ်ချိုချိုမာက အမျိုးသားအောင်ပွဲနေ့အထိမ် းအမှတ်အကြို အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်နှင့်အမျိုးသား အောင်ပွဲနေ့ဦးတည်ချက်များအကြောင်း၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာ ဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး သည်။
ကျောင်းသား၊ ကျောင်းသူများနှင့်လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး အစဉ်အမြဲအောက်မေ့တမ်းတသတိရစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်များ ကို အလေးထားမြတ်နိုးတတ်စေရန်တို့အတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲတွင် ပခုက္ကူ မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်း သား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment