ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက် SEA & LAKE Gardenသို့ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှလာ‌ရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက် SEA & LAKE Gardenသို့ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှလာ‌ရောက်လေ့လာ

 



MNP - အောက်တိုဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် SEA & LAKE Garden နှင့် ကမ်းခြေသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ဦးဆောင်သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှ ပြိုင်ပွဲ ဝင်များ၊ကြီးကြပ်သူများ (၃၀၀)ဦး ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကရောက်ရှိပြီး လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


သို့ရာတွင် SEA & LAKE Garden မှတာဝန်ရှိသူများ၊ ရွှေသောင်ယံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများမှလေ့လာကြည့်ရှုကြသည့် ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား လိုက်လံပြသပေးခဲ့ကြရာ SEA & LAKE Gardenရှိဒီရေတောတံတားနှင့်ရှုခင်းသို့လည်းကောင်း၊ ပန်းပုရုပ်ထုပြတိုက်သို့ လည်းကောင်း၊ ကျောက်စိမ်းပြတိုက်သို့လည်းကောင်း လေ့လာကြည့်ရှုပြီး အခြားလည်ပတ်စရာ နေရာများသို့ လိုက်လံလည်ပတ်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)