ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော

 


MNP - အောက်တိုဘာ   ၂၃


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား သတင်းတု သတင်းမှားများခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်စေရန် သတင်းနှင့် သတင်းအချက်အလက်၊ ယနေ့ခေတ်တွင် အရေးပါလာသော သတင်းအချက် အလက်၊ သတင်းတစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာခြင်းအချက်များ၊ သတင်းမှားသတင်းမှန် ဘယ်လိုခွဲခြားမလဲ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)မှ ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် နည်းပြဆရာ ဆရာမများ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၉၂)ဦးတို့က တက်ရောက်ခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)