ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စားသုံးဆီဖူလုံပိုလျှံစေရေး ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးလျက်ရှိပြီး ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စားသုံးဆီဖူလုံပိုလျှံစေရေး ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးလျက်ရှိပြီး ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီး




MNP - အောက်တိုဘာ   ၂၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဒေသခံကျေးလက်နေ တောင်သူများက ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရကာ ဆောင်းနေကြာသီးနှံ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။


ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာသီးနှံစိုက်ပျိုးရေးကို ယခုနှစ်တွင် အားထားစိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရကာ ဒေသတွင်းရှိ တောင် သူများ နေကြာသီးနှံ စိုက်ပျိုးရာ ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး လိုအပ်သည့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လည်း သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂ -၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်၍ ဆောင်းနေ ကြာသီးနှံစိုက်ဧက ၂၆၇၅၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းနေကြာသီးနှံကို ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြကြောင်းနှင့် ယခုလက်ရှိတွင်ဆောင်းနေကြာ သီးနှံဧက ၂၂၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)