လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး




MNP - အောက်တိုဘာ ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုမှုအဆင်ပြေစေရန်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၁)  နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်း များက ကျောင်းသား/ကျောင်းသူများ အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ ပုံပြင်စာအုပ်များကို ယူဆောင်ပြီး သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ကျောင်းသား/ ကျောင်းသူ များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား ၊ အမှန် ‌ဝေဖန် ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ခင်လေးနွယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)