ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပညာရေးမှူး ဒေါ်ထူးထူးလွင်က မိမိအနေဖြင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့်(ဆင့်ပွား)ပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ပညာရေးဌာနသည် အရေးကြီးသောဌာနတစ်ခုဖြစ်၍ မြို့နယ်အတွင်းတည်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏စီမံခန့်ခွဲမှုသည် အဓိကကျ‌ကြောင်းနှင့် ခေါင်းဆောင်ကောင်းအရည်အချင်းပြည့်ဝရန် အရည်အချင်းစိတ်နေသဘောထားအပေါ် တန်ဖိုးများကိုလက်တွေဆောင်ရွက်ရန် လိုအပ်သောအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်အုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၃၃)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို (၃)ရက်ကြာဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)