မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 


MNP - အောက်တိုဘာ  ၂၃


မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက မော်လမြိုင် အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအင်အား ၄၀၀ ကျော်မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကျောင်းပရိဝဏ် အတွင်း/ အပြင် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းခန်းမဆောင်တွင် မော်လမြိုင်အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာရီရီမွန်မှ ကျောင်းနှင့်ပတ်သက်သည့်အချက်အလက်များ၊ ကျောင်းဆောင်သစ် အဆောက်အဦများနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်ပြီးစီးနေမှု၊ ကာလတို၊ ကာလရှည်သင်တန်းများပို့ချခြင်းနှင့် စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်၊ လူရွယ်များကို အခြေခံပညာ အထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းအင်္ဂါရပ်နှင့်အညီ လိုအပ်သည့်အခြေခံအဆောက်အဦများဆောက်လုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးခြင်း၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများတက်ရောက်စေခြင်းဖြင့် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်း၏သွင်ပြင်လက္ခဏာပေါ်လွင်စေရေးဆောင်ရွက်ကြရန်နှင့် ကျောင်းအကျိုးပြုလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)