အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ လပွတ္တာမြို့ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅)သင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ လပွတ္တာမြို့ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅)သင်တန်းဖွင့်ပွဲကျင်းပ

 


MNP - အောက်တိုဘာ ၂၅


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်မှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို အိမ်တွင်းမှုကျောင်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှု အတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယင်းအသိပညာ အတတ်ပညာများဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုစောင့်ထိန်းသော တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်တို့ဖြင့် မိမိတို့အမျိုးသား ယဉ်ကျေးမှုကို တန်ဖိုးထားလေးစားမြတ်နိုးတတ်သော အမျိုးသမီးကောင်းများစွာ ပေါ်ထွက်စေခဲ့ပြီး လက်မှုအတတ်ပညာများကို မိမိဒေသအလိုက် လက်ဆင့်ကမ်း ဖြန့်ဝေစေခြင်းဖြင့် တိုင်းရင်းသူလေးများ၏ ဘဝကို အလှဆင်ပေးသကဲ့သို့ နယ်စပ်ဒေသ အသီးသီးကိုလည်း အကျိုးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)