ခရမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး



MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၂ ခုနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ ၁၁ ရက် နေ့နံနက် ၈ နာရီမှစ၍ ခရမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ခရမ်းမြို့နယ်၌  ဆောင်းသီးနှံစိုက်ပျိုးရန် ဧက ၁၀၀၀၀ ကျော်ရှိရာ တစ်ဧကလျှင်  ဆောင်းသီးနှံချေးငွေ ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သန်းပေါင်း ၂၀၀၀ ကျော် ထုတ်ချေးပေးရန် လျှာထားကြောင်းနှင့် ယခင်နှစ် ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးအစဉ်အတိုင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများကို ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ထံမှ သိရသည်။


ခရမ်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅၃) အုပ်စုမှဆောင်းသီးနှံ စိုက်ဧက  ၁၀၀၀၀ ကျော်မှ လယ်သမားဦးရေ  ၁၃၀၀၀ ဦးတို့အား ဆောင်းရာသီစိုက်ပျိုး စရိတ်ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ယမန်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူများကို နေ့စဉ်ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)