ကွမ်းခြံကုန်းမြို့နယ်၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရေးမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရေးမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရေး မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန် နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   


အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးခင်မောင်ဝင်းက အဖွင့်အမှာစကားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးခင်မောင်းဝင်းက ပညာရေးကဏ္ဍဘာသာရပ်၊ စီမံကဏ္ဍဘာသာရပ် ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းကိစ္စရပ်များစီမံဆောင်ရွက် ရာတွင် ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်မြင့်မားသော ဆရာ/ဆရာမကြီးများ ပေါ်ထွန်းလာစေရန် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့်ကြောင်း သိရသည်။


ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ပေါင်း (၁၂၅) ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။ အဆိုပါ သင်တန်းတွင် ပညာရေးကဏ္ဍ ဘာသာရပ်၊ စီမံကဏ္ဍဘာသာရပ်၊ ဘဏ္ဍာရေးကဏ္ဍဘာသာရပ်များ ဆွေးနွေးမှာကာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။      


သတင်း - ဆွေနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)