ပေါင်မြို့နယ် ကြက်ခြေနီနှင့် အ-ထ-က ပေါင်ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ကြက်ခြေနီနှင့် အ-ထ-က ပေါင်ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဖွင့်လှစ်

 



MNP - အောက်တိုဘာ   ၂၃


မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြက်ခြေနီနှင့် အ-ထ-က ပေါင်ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-ကပေါင် ရွှေတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လွင်က သင်တန်းတက်ရောက်ရခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။


သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ နည်းပြ ၅ ဦးတို့မှ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းသဘောတရားအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ သွေးဆုတ်၊ သွေးလန့် မူးမေ့သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းတုပ်ခြင်း၊ အရိုးအကြောအဆစ်ဆိုင်ရာများ၊ လူနာကိုင်ဆောင်သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း အစရှိသည့်အကြောင်းအရာများကို သင်တန်းသား(၄၈)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)