မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပ

 



MNP - အောက်တိုဘာ  ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဒေသဖွံ့ဖြိုးရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုင်းယောင်းမြို့ နယ် အမှတ်(၁)ရပ်ကွက်၌ ပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သောသက်ဆိုင်ရာဌာနမှတာဝန်ရှိတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။


ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက ရပ်ရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)