MNP - အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်ဦးအောင်လွင်ဦးတို့သည် အောက်တိုဘာ (၂၀)ရက်နေ့ ညနေ(၂)နာရီ(၃၀)မိနစ်အချိန်က မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တို့သည် မဲရုံသုံး ပစ္စည်းများ ထားသိုမှုကို စီစစ်ခြင်း၊ လျာထားမဲရုံစာရင်းကို စီစစ်ခြင်း၊ လူဦးရေစာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲဝင်တို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထွန်းနှင့် ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment