ကထိန်လှူဒါန်းရန် စီစဉ်နေစဉ်အတွင်း အလှူရှင်တစ်ဦး အသတ်ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကထိန်လှူဒါန်းရန် စီစဉ်နေစဉ်အတွင်း အလှူရှင်တစ်ဦး အသတ်ခံရ



MNP ၊ အောက်တိုဘာ ၂၁

မိုးညှင်းမြို့နယ် တောင်အင်းကျေးရွာ တွင် နေထိုင်ပြီး ကထိန်ဒါယိကာအဖြစ် လှူဒါန်းရန် စီစဉ်နေစဉ်အတွင်း ကိုမင်းနွယ် ၄၉နှစ်ကို PDF အကြမ်းဖက်သမား ၈ယောက်ခန့်က ၁၉-၁၀-၂၀၂၂ ည (၈)နာရီခန့်က ၎င်း၏အိမ်၌ နေထိုင်စဉ် လာရောက်ဖမ်ဆီးခေါ်ဆောင်သွားပြီး နန့်ရင်းချောင်းဘေး နမ့်စော်လော်တံတားအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "Dead body ကို ၂၀-၁၀-၂၀၂၂ တွင် တွေရှိပြီး ဒီနေ့ ၂၁-၁၀-၂၀၂၂ နေ့တွင် သဂြိုလ်ခဲ့ပါတယ်။ စိတ်မကောင်းစရာတခုက သူတို့မိသားစုက ၂၂-၁၀-၂၀၂၂နေ့တွင် ကထိန်ဒကာ/ဒကာမများအဖြစ် လှူဒါန်းကြမှာပါ။ သူ့ဇနီးအနေနဲ့ ဘယ်လောက်ထိအောင် ခံစားနေရမလဲ။ စိတ်မကောင်းစွာ သနားမိပါတယ်။ အမြန်ဆုံးအေးချမ်းစေချင်ပါပြီ" ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း PDF နှင့် ပူးပေါင်း၍ အကြမ်းဖက်မှုများကျူးလွန်လျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး သံဃာတော်များကိုလည်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)