ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုပုံမှန်ဝင်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုပုံမှန်ဝင်ရရှိ

 



MNP - အောက်တိုဘာ   ၁၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုအတွက် နေ့စဉ်ပုံမှန်ရရှိခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။


“သပြေ (ဒေသအ‌ခေါ် တောသပြေ) အပင် ၃၀၀ ကျော်စိုက်ပျိုးထားပါတယ်။ ဒီသပြေဟာ အာဆီယံ သ‌ပြေထက် ကြာရှည်ခံပြီး လူကြိုက် များတဲ့အတွက် ဈေးနှုန်းပို ရောင်းရပါတယ်။  သပြေပန်းတစ်ခက်ကို ငွေကျပ် ၂၀၀ ရောင်းရခြင်းကြောင့် တစ်နေ့ မိစုသားဝင်ငွေကျပ် ၂၀၀၀၀ ကျော် ရရှိပါတယ်။ သပြေစိုက်ပျိုးရာမှာလည်း ကုန်ကျစရိတ်သက်သာပြီး ရာသီမရွေး သပြေပန်းထွက် ရှိပါတယ်” ဟု သပြေစိုက်ပျိုးသူတစ်ဦးက ပြောပြသည်။


ကျွန်းလှမြို့နယ်တွင် ‌ မြေအောက်ရေတင်ပြီး နေအိမ်ခြံဝင်းများအတွင်း ပန်းမျိုးစုံနှင့် သပြေပန်းကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလာကြသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)