အုတ်တွင်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ



MNP - အောက်တိုဘာ  ၁၅


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ကျောင်းသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်၍ စာရေးဆရာဌေးကြည်(စလင်း)ရေးသားသည့် ''ပင်လယ်မျှော်စင်'' ခေါင်းစည်ဖြင့် ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)က လူငယ်တွေသည် မြစ်ဖြစ်၍ မြစ်တွေအားလုံး ပင်လယ်လိုကျယ်ပြီး မျှော်စင်လိုမြင့်ရန် လိုအပ်ပါကြောင်း၊ ပန်းလိုလျှင် အပင်ပျိုးစိုက်တတ်မှရှင်၊ ထွင်တတ်မှ ရှင်းဆိုသည့်စကားအတိုင်း လူငယ်တွေအားလုံး ပျိုးထောင်ရမည်၊ သင်ယူရမည်၊ သင်ယူနည်းသုံးမျိုးရှိပြီး ဘဝမှသင်ယူခြင်း၊ ဆရာ့ထံမှသင်ယူခြင်း၊ အတွေ့အကြုံများမှသင်ယူခြင်း စသည့် အကြောင်းအရာများနှင့် တစ်ယောက်အကျိုးတစ်ယောက် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ အမှန်တရားကို ခွဲခြားတတ်စေရန်၊ နောင်တဆိုတာ နောင်မှရနေခြင်းမျိုးမဖြစ်ရလေအောင် သတိဆောင်ပြီး ရှောင်ရှားတတ်စေရန်၊ မလုပ်သင့်တာကို မလုပ်မိအောင်နေထိုင်ကြစေရန်၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်း အမြင်ခြင်း ဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)