မင်္ဂလာဒုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်း အဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

 


MNP - အောက်တိုဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်  မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါညှိုနှိုင်းအစည်းအဝေးတွင် မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းညွန့်က မော်တော်ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်စံနှုန်းများအတိုင်းမောင်းနှင်ကြရန်၊ ယာဉ်မောင်းနေစဉ် ဖုန်းအသုံးမပြုကြရန်နှင့် ကာလမ်းဖြတ်ကူးသူများကလည်း လူကူးမျဉ်းကျား၊ လူကူးကုန်းကျော်တံတားများကနေ စနစ်တကျဖြတ်ကူးကြရန်၊ ခရေပင်လမ်းဆုံ၊ အမှတ် ၃ လမ်းဆုံ၊ ထောက်ကြန့်လမ်းဆုံတို့တွင်ရှိသည့် မီးပွိုင့်များအား မီးပျက်တောက်မှုမရှိစေရေးအတွက် အရန်အစီအစဉ်များ ဆောင်ရွက်ထားရှိရန်နှင့် အသိပညာပေးဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ မီးပွိုင့်များတွင် လျှပ်စစ်မီးပျက်တောက်ပါက အရန်အဖြစ်မီးစက်နှင့် ဆိုလာပြားများအသုံးပြုနိုင်ရန် စီစဉ်ထားရှိပါကြောင်းနှင့် စာသင်ကျောင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း အသီးသီးဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌဦးကောင်းညွန့်မှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မြတ်သူဇာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)