မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ  ၂၆


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် (၂၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ အေးချမ်းကမ္ဘာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ထုံးဘိုတောရဆရာတော်အပါအဝင် ပင့်သံဃာတော် ၂၅ ပါးတို့အား ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်ညိုညိုဝေလွင် တို့က ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော် များကို နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ ဝန်ထမ်းများ၊ မိသားစုများနှင့် သင်တန်းသားသင်တန်းသူများ စုပေါင်းလှူဒါန်းခဲ့ကြသည့် ပဒေသာပင်များမှ ပစ္စည်းများနှင့် ငွေသားတန်ဘိုး စုစုပေါင်း (၅၁) သိန်းကို ထုံးဘိုဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှဝေခဲ့ကြသည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)