MNP ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောနယ်၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ပေါက်တောမြို့နယ် (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်းကို အကျယ်တဝင့်ဟောပြောသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်လောစေရန် ကာယ၊ ဉာဏပြိုင်ပွဲများကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ပြိုင်ပွဲစည်းမျဉ်းစည်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment