လိပ်သိုမြို့တွင် ကလေးငယ်များ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့တွင် ကလေးငယ်များ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးတိုက်ကျွေး




MNP - အောက်တိုဘာ  ၂၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကလေးငယ်များ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်) ကာကွယ် ဆေးတိုက်ကျွေးခြင်းကို  ယမန်နေ့နံနက် (၉) နာရီ အချိန်မှစ၍  လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။


ရိုတာဗိုင်းရပ်(စ်) ဝမ်းပျက်ဝမ်းလျောရောဂါကို ကလေးတိုင်းလိုလိုပင် အသက် (၅) နှစ်အတွင်း အနည်းဆုံးတစ်ကြိမ်ခန့် ဖြစ်ဖူးခြင်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ရောဂါ လွယ် ကူကူးစက်ခြင်းတို့ကြောင့် အဆိုပါ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို အသက် (၂) လမှ အသက် (၂)နှစ်အောက် ကလေးငယ်များအထိ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်းနှင့် လိပ်သိုမြို့ပေါ် (၆)ရပ်ကွက်နှင့် သံမိုးတောင်ကျေ းရွာ၊ ဇလဲ၊ အလယ်ချောင်း၊ မိုင်းလွန်၊ မစကျေးရွာများရှိ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန ဆရာမတစ်ဦးထံမှ သိရသည်။


သတင်း - ခင်လေးနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)