MNP - အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးအတွက် အောင်မြေကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့်စည်းရုံးရေးစစ်ကြောင်းတွင်ပါဝင်သော သက်ဆိုင်ရာဌာနမှတာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက်/ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များ၊ လုပ်ဆောင်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယမ်းလဲကျေးရွာတွင် ဒေသခံတောင်သူများ စပါးရိတ်သိမ်းနေမှုအားသွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment