မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်




MNP - အောက်တိုဘာ  ၂၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မိုင်းလုံးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာမှ  ဒေသခံတိုင်းရင်းသားပြည်သူ(၂၅၀)ဉီးက မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းအပိုင်း မိုင်းလုံးကျေးရွာအုပ်စုမှ မိုင်းခုတ်မြို့သို့ သွားရာလမ်း (၈)မိုင်ခန့်ရှိ လွယ်ကင်လိတောင်အထိ လမ်းပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)