NLD နှင့် NUG က ၎င်းတို့၏ မိတ်ဖက် KIA စခန်း တိုက်ခိုက်ခံရမှုအပေါ် ထုတ်ပြန်ချက်များ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD နှင့် NUG က ၎င်းတို့၏ မိတ်ဖက် KIA စခန်း တိုက်ခိုက်ခံရမှုအပေါ် ထုတ်ပြန်ချက်များ ထုတ်ပြန်






MNP ၊ အောက်တိုဘာ ၂၅

NLD ပါတီအနေဖြင့် မဲလိမ် မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး NUG အကြမ်းဖက်အဖွဲ့ကို တည်ထောင်ကာ KNU, KIA အဖွဲ့များနှင့် ပူးပေါင်း၍ ဆူပူအကြမ်းဖက်၊ ဖောက်ခွဲဖျက်ဆီး၊ လုပ်ကြံသတ်ဖြတ်မှုများဖြင့် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဆိုးရွားရက်စက်ယုတ်မာသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် KIA, PDF အား တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ရှင်းလင်းခဲ့ရာ NLD ပါတီအနေဖြင့်လည်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည့်။ NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည် NUG အကြမ်းဖက်အဖွဲ့ကလည်း တပ်မတော်၏ ဆောင်ရွက်ချက်အပေါ် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။


တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)အား ရှင်းလင်းဖယ်ရှားရခြင်းနှင့် ပတ်သက်၍ -

ကောလာဟလသတင်းတွင် ပါဝင်သော ပြည်သူနှင့် အနုပညာရှင်များ သေဆုံးသည်ဟူသော နေရာသည် KIA တပ်မဟာ(၉)၏ ဌာနချုပ်နယ်မြေဖြစ်ပြီး အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေး အချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော နေရာဖြစ်၍ အကြမ်း ဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေတစ်ခုဖြစ်သည်။

အထက်ပါ KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင် နေရာများသို့ PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင်ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့ တရားဝင် အခွန်တော်ငွေ ပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်း၊ လုပ်ငန်းခွင်ပိုင် ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည် ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့် ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်း များအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီး သည်တင် ရေယာဉ်များနှင့် စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉) နယ်မြေအား လိုအပ်သောစစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


NLD ဦးဆောင်သူများဖွဲ့စည်းထားသော CRPH, NUG တို့၏ သြဇာခံ PDF နှင့် KIA အကြမ်းဖက်အဖွဲ့များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အပြစ်မဲ့ ရဟန်းရှင်လူများကို ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)