မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းဗိုဗီနမ်အားကစား သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းဗိုဗီနမ်အားကစား သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်



MNP - အောက်တိုဘာ   ၉


မွန်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် ဗိုဗီနမ်အားကစား သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မျိုးဆက်သစ်လူငယ်များကို ဗလ (၅) တန်နဲ့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်တဲ့ အခန်း ကဏ္ဍက ပါဝင်နေကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြဖို့လိုအပ်သလို စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်၊ ပိုမိုကြံ့ခိုင်အောင် လေ့ကျင့်ပေးကြဖို့လည်း လိုအပ်ကြောင်း၊ သင်တန်းသူ/သားများအနေနဲ့ ဗိုဗီနမ်အားကစားနည်းရဲ့ ပညာရပ်တွေကို ပိုမိုကျွမ်းကျင်မှုရှိလာအောင် ဆက်လက်လေ့ကျင့် သွားကြရန်နှင့် ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာစေရန် စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းသား၊ သင်တန်းသူ များမှ ဗိုဗီနမ်အားကစားနည်းအား သရုပ်ပြသခဲ့ကြမှု အပေါ် ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းထူးချွန်ဆုနှင့် နည်းပြ ဆရာများအား ဂုဏ်ပြုဆုငွေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)