ဟိုပန်မြို့၊ မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက်၌(၃၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်မြို့၊ မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက်၌(၃၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP -  အောက်တိုဘာ   ၉


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြသိန်းတန်သာသနာပြု ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဝတ်ရွတ်အဖွဲ့က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားအား ပင့်လျှောက်ခြင်း အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။ထို့နောက် တက်ရောက်လာသော ဧည့်ပရိသတ်များက မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ပဌာန်းအကြောင်း သိကောင်းစရာများကို နာကြားခဲ့ကြသည်။


ဆက်လက်၍ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များအား အသံမစဲအဘိဓမ္မာ(၇)ကျမ်း တရားတော်နာယူနိုင်စေရန် (ဒေဝနိမန္တန)နတ်ပင့်ဂါထာတော်ဖြင့် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းအစီအစဉ်ဆောင်ရွက်ပြီး ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဧည့်ပရိသတ်အပေါင်းတို့က ပဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ညီညာရွတ်ဖတ်ပူဇော်၍ အလှည့်ကျ ဘာဏကဆရာတော်က အသံမစဲအဘိဓမ္မာမာ(၇)ကျမ်းတရားတော်မြတ်အား စတင် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။


အဆိုပါ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့မှစ၍ အောက်တိုဘာလ ၁၅ ရက်နေ့ထိ(၇)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)