နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ပြင်ဆင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ကုတ်ကျေးရွာ၌ ရိုးရာဓလေ့ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ပြင်ဆင်နေ



MNP - အောက်တိုဘာ ၂၇


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊  ကျေးလက်ဒေသရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက် လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် ရည်စူး၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ နမ့်ကုတ်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ဆင်ဆွဲပွဲတော်ကို တစ်နှစ်လျှင်တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက်သော်လည်းကောင်း၊ လှူဒါန်းလိုသည့် ကျေးရွာများမှလည်း  ဆင်ရုပ်များ ကြိုတင်ပြင်ဆင် ပြုလုပ်ထားရပြီး အလှူပွဲကျင်းပသည့် နေ့ရက်၌ ယင်းအရုပ်များပေါ်တွင် မိမိတို့စိတ်စေတနာသဒ္ဒါတရား ထက်သန်စွာ လှူထားသည့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ဆင်ရုပ်များကိုအလှတန်ဆာ ဆင်ယင်ထားကာ ကြိုးများဖြင့်ချည်ဆွဲ၍ ပွဲတော်ကျင်းပသည့် ကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်း၍ သော်လည်းကောင်း၊ အလှူပုံးများဖြင့်သော်လည်းကောင်း စုပေါင်းလှူဒါန်းကြရသည့် ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်ကြောင်း၊ ထိုအလှူပွဲရက်အတွင်း လာရောက်လည်ပတ်သော ဧည်သည်တော်များကိုလည်း ရိုးရာအစားအသောက်များနှင့် ဒေသခံတိုင်းရင်းသား အလှူရှင်များက ပျူငှာစွာတည့်ခင်းဧည့်ခံကျွေးမွေးခြင်းနှင့် ညပိုင်းတွင် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဆင်ရုပ်များပြုလုပ်နေကြသည့် တိုင်းရင်းသားများက ပြောသည်။


ယင်းပွဲတော်ရက်အတွင်း သူငါအပြိုင်လှပနိုင်ရေး အလှူရှင်အစုအဖွဲ့များက မိမိတို့ ဆင်ရုပ်များကို အလှတန်ဆာ ဆင်ယင်နေလျက်ရှိကြောင်းနှင့် မိမိတို့ကျေးရွာ အတွင်း တစ်နှစ်မှတစ်ကြိမ် တစ်ကြိမ်မှ နှစ်ရက်သာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စိတ်သဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းစုပေါင်းပြင်ဆင်ကာ ဆင်ရုပ်နှင့်အလှူပုံးများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)