မအူပင်မြို့နယ်၊ တာကောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့နယ်၊ တာကောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တာကောက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ တာကောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးများကို လည်းကောင်း မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း လူကုန်ကူးမှု သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို လည်း‌ကောင်းစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။


ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ် ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာအသိပညာပေး ‌အကြောင်းများကို ဆွေးနွေးပြောကြား၍ မြို့နယ်‌အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် တာဝန်ခံဒေါ်ဇင်မာခိုင်ကအားကစား စိတ်ဓာတ်၊ အားကစားအမျိုးအစား၊ အားကစားလိုက်စားမှ မိမိဘဝ၊ မိသားစုဘဝသာယာပျော်ရွှင်နိုင်မှု၊ ကျန်းမာရေးသည် အဓိက၊ ကျန်းမာရေးကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းရတနာတွေ ပေါ်ထွက်လာနိုင်ရေး အသိပညာပေး ဟောပြောခဲ့ပြီးလက်တွေ အကြောပြေသည့် ကာယလေ့ကျင့်ခန်းအား လေ့ကျင့်သရုပ်ပြသပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ မူဝါဒ(၉)ရပ်များအား အသိပညာပေး

ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)