ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေး

 




MNP - အောက်တိုဘာ  ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး နိုင်ထွန်းသူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်‌ရွှေတို့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ မော်တော်ယာဉ်များ မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ  အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များဖြစ်သည့် ကျောက်မဲခရိုင် ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်းကြားမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသည်တင်ယာဉ်လိုင်းများအားစစ်ဆေးပြီး  မောင်းနှင်နေသည့် ယာဉ်မောင်းများနှင့် လိုက်ပါစီးနှင်းသူများအား အသက်ကယ်ထိုင်ခုံခါးပတ်များ  စနစ်တကျ ဝတ်ဆင်အသုံးပြုရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ခရီးသွားလာသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဉ်မောင်းများနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်များ စနစ်တကျ တပ်ဆင်ရန်၊ မော်တော်ဆိုင်ကယ်ကို ၃ ယောက်စီးနှင်းခြင်းမပြုရန်၊  အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်များကိုဆောင်း၍ မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်ရန်တို့ကို ကျောက်မဲမြို့တွင် နေ့စဉ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပြီး စည်းကမ်းမလိုက်နာသူများအား လာမည့်အပတ် တနင်္လာနေ့မှ စတင် အရေးယူသွားမည်ဟု တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)