MNP ၊ အောက်တိုဘာ ၂၉
ရသေ့တောင်မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် စစ်ရှောင်စခန်းမှ မိသားစုဝင်များစုပေါင်း၍ အစဉ်အလာမပျက်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသောရဟန်း၊ သံဃာများ၊ စာသင်သားကိုရင်များ၊ မယ်သီလရှင်များအား မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူခဲ့ရာယခု ဒုတိယ အကြိမ်မြောက် လောင်းလှူနိုင်ရေးအတွက် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးကော်မတီဝင်များက ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆွမ်းတော်ကြီးလောင်းပွဲကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မြို့နယ်ဘောလုံးကွင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တစ်ဦး ထံမှသိရှိရပါသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment