MNP ၊ အောက်တိုဘာ ၂၅
သံတွဲမြို့နယ် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖေါ်ထုတ်ရေးရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်က အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(စစ်တွေ)မှ သင်တန်းနည်းပြ ရဲအုပ်သန်းဌေးအောင် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊သင်တန်းသူများဖြင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖေါ်ထုတ်ရေးအဖွဲ့များအဖြစ်ဖွဲ့စည်းထားရှိပြီးဖြစ်သဖြင့် ကိုယ့်ရပ်ကွက် ကိုယ့်ကျေးရွာတွေမှာ အဓိကအခြေခံကျသည့်အဖွဲ့ဖြစ်သည်နှင့်အညီ ပြည်သူတွေယုံကြည်အားကိုးလာပြီး လူကုန်ကူးမှုများပိုမိုဖေါ်ထုတ်နိုင်ရေးအတွက်ဖွင့်လှစ်သည့်သင်တန်းဖြစ်သည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရေး အသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ရက်နေ့မှ ၂၆ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး အမှတ်(၅)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့(စစ်တွေ)မှ သင်တန်းနည်းပြ ရဲအုပ်သန်းဌေးအောင် က သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment