MNP ၊ အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင် ကျေးရွာ (၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ဖြင့် ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံတို့က ခမ်းပါးကျေးရွာ၊ စားကျက် ကလေးကျေးရွာ၊ ရေပြာအိုင်ကျေးရွာ၊ ကျောက်ငနွား ကျေးရွာ၊ စုစုပေါင်းကျေးရွာ (၄)ရွာတို့မှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၃၂၆)ဦးတို့အား ချေးငွေကျပ် (၁၀၉.၆၅) သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၃၉) ဦး တို့အား ချေးငွေကျပ်(၅၆.၅)သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၁)ဦးတို့အား ချေးငွေကျပ် (၃.၃)သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၂၄)ဦးတို့အား ချေးငွေ(၅.၈၅)သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၈)ဦးတို့အား ချေးငွေ (၃.၁၅)သန်း၊ စုစုပေါင်းကျေးရွာ (၄)ရွာမှ မြစိမ်းရောင်စီမံကိန်း အသင်းသူ/အသင်းသား စုစုပေါင်း (၆၀၈)ဦးအတွက် စီမံကိန်း ရန်ပုံငွေကျပ် (၁၇၈.၄၅)သန်း အား မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များမှတစ်ဆင့် အသင်းသူ/အသင်းသားများထံသို့ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment