MNP ၊ အောက်တိုဘာ ၂၁
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း နှင့် တာဝန်ခံအင်ဂျင်နီယာ တို့က ယနေ့ နံနက် ၁၀ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာ၌ ကျေးရွာတွင် ကွန်းကရစ်လမ်းဆောင်ရွင်နေမှုအား ကွင်းဆင်းစစ်ဆေးရာ အချိန်မီပြီးစီးရေး လုပ်ငန်းအရည်အသွေးပြည့်မီရေးအတွက် တာဝန်ရှိသူများကို ပြောကြားသည်။
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်ညိုကျေးရွာ၌ ၂၀၁၅-၂၀၁၆ ခုဘဏ်ဏ္ဍာရေးနှစ် မွ စတင်၍ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေကျပ်သန်း ၃၀ အား အသင်းသူ၊ အသင်းများသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ထုတ်ချေးခဲ့ရာ (တတိယအကြိမ်)မြောက် အတိုးရေငြ၏ ၅၀ ရာခိုင်နှုန်း ငွေကျပ် ၅ ဒသမ ၁ သန်း နှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၀၀ သန်း တို့ဖြင့်ကျေးရာတွင်း ကွန်ကရစ်လမ်း အလ်ား ၂၆၅ ပေ ၊ အကျယ် ၉ ပေ ၊ ထု ၆ လက်မ ၊ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment