လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခင်ဗျာ -
လူကြီးမင်းတို့သည် တိုင်းရေးပြည်ရာ အဝဝကို စီမံအုပ်ချုပ်နေသော နိုင်ငံခေါင်းဆောင်ကြီးများ ဖြစ်ကြပါသည်။ ကျွန်ုပ်သည် လူကြီးမင်းတို့၏ ဦးဆောင်အုပ်ချုပ်မှုကို ကြည်ဖြူစွာ လက်ခံသော တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်တည်ခဲ့ခြင်းအစမှ စ၍ သက်တမ်းကုန်လွန်ချိန်နီးကပ်လာသည့်တိုင်အောင် တိုင်းပြည်အခြေအနေသည် တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ မရောက်ရှိနိုင်သေးပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နှစ်တာဝန်လွှဲပြောင်းရယူခဲ့ပြီး တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ မရောက်သောကြောင့် ၆လ နှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံတော်ကို စီမံအုပ်ချုပ်သူများအနေဖြင့် ကဏ္ဍပေါင်းစုံဆောင်ရွက်ရသည်ဖြစ်ရာ အချို့သော ကဏ္ဍများတွင် လစ်ဟင်းမှု ရှိတတ်သည့် သဘောသဘာဝကို နားလည်လက်ခံပါသည်။ သို့ပေသော် အဓိကကျသည့် ကိစ္စများတွင် လစ်ဟင်းမှုများဖြစ်ပေါ်လျက်ရှိပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးရခြင်းမှာ လက်သင့်ခံနိုင်သည့် အခြေအနေမရှိတော့ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပြည်သူများအသက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့ပါသည်။ အလေးထားဆောင်ရွက်မှုနှင့်အတူ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး ဟူသော စကားကိုလည်း ပြောခဲ့ပါသည်။
လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခင်ဗျာ -
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့်အပြိုင် နိုင်ငံရေးအစွန်းရောက်တို့၏ အကြမ်းဖက်ဘေးအန္တရာယ်သည်လည်း ဒွန်တွဲ ပေါ်ပေါက်လာခဲ့ပါသည်။ NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် ရဟန်းသံဃတော်များ၊ ဆရာ/ဆရာမများ၊ တပ်မတော်သား (အငြိမ်းစား)များ၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။
NLD အစွန်းရောက် အာဏာရမ္မက်ထနေသူများ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအပြင် ၎င်းတို့နှင့် လက်တွဲ၍ ဆူပူအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသော KNU, KNLA, KKO, KIA အစရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နောက်ကွယ်တွင် မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၊ အိုအိုင်စီအဖွဲ့ဝင်များက လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေခြင်းကြောင့် လွန်စွာ ဆိုးသွမ်းယုတ်မာ ရက်စက်သည့် လုပ်ရပ်များ ကျူးလွန်နေခြင်းဖြစ်သည်ကို သဘောပေါက် နားလည်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ပုဒ်မ ၄၁၈(က)တွင် "ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာသည့် ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်း" ဖြင့် ဥပဒေတွင် ဖော်ပြပါရှိပါသည်။
ဥပဒေပြဋ္ဌာန်းချက်ပါ "မူလအခြေအနေသို့ အမြန်လည်ရောက်ရှိစေခြင်းငှာ" ဟူသော စကားရပ်နှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုပါမူ တည်ငြိမ်အေးချမ်းသော အခြေအနေကို ရည်ညွှန်းသည်ဟု မှတ်ယူပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမသက်တမ်း တစ်နှစ်တာကာလအတွင်း NLD အစွန်းရောက်တို့သည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးကို ရည်ရွယ်၍ ဆူပူအကြမ်းဖက်၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများကို သူမတူအောင် ကျူးလွန်ခဲ့ကြပါသည်။ ထိုသို့ လုပ်ဆောင်နေသော လုပ်ရပ်များအပေါ် နစကအစိုးရကို သက်ဆိုးရှည်အောင် လုပ်နေသော နီပိန်းများ ဟုပင် မှတ်ချက်ပြုခဲ့ပါသည်။ နစက သက်တမ်း ပထမ (၆) ထပ်တိုးပြီး နောက်ပိုင်းတွင်လည်း NLD အစွန်းရောက်တို့၏ ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များမှာ ပို၍ပင် ဆိုးရွာလာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ စီမံအုပ်ချုပ်မှုအောက်တွင် ဥပဒေဘောင်အတွင်း နေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများမှာ NLD အစွန်းရောက် အကြမ်းဖက်သမားတို့၏ ပစ်မှတ်များဖြစ်လာပြီး ပိုမိုရက်စက်ယုတ်မာရိုင်းစိုင်းသော သတ်ဖြတ်မှု ပုံစံများဖြင့် သတ်ဖြတ်လာခဲ့ကြပါသည်။
ယခု နစက ၏ ဒုတိယသက်တမ်း (၆)လ အရောက်တွင် အာဏာရမ္မက်ထနေသော NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များက ဆူပူအကြမ်းဖက်မှုများ အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လှုံ့ဆော်မှုနှင့်အတူ ပြည်တွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နေ့စဉ်ရက်စက် ယုတ်မာရိုင်းစိုင်းစွာ တိုက်ခိုက်သတ်ဖြတ်နေမှုများမှာ လွန်စွာ အော့နှလုံးနာစရာကောင်းသည့် လုပ်ရပ်များဖြစ်လာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယာယီသမ္မတဦးမြင့်ဆွေက အာဏာလွှဲအပ်ပေးခဲ့သည့် ပထမသက်တမ်း တစ်နှစ်တာ ကာလအတွင်းတွင်လည်း ဆူပူအကြမ်းဖက်လှုပ်ရှားသူများကို ဥပဒေအညီ ထိန်းသိမ်းဆောင်ရွက်ခြင်း လွန်စွာ အားနည်းခဲ့ပါသည်။ ပထမအကြိမ် ၆လ သက်တမ်းတိုးပြီးသည့် ကာလတွင်လည်း အကြမ်းဖက်အန္တရာယ်ကင်းရှင်းရေးကို အလေးထားလုပ်ဆောင်သည်ဟု မှတ်ယူ၍ မရခဲ့ပါ။ ဒုတိယ ၆လ ရောက်လာပြန်တော့လည်း ရှေးနည်းတူပင် ဖြစ်ပါသည်။
လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခင်ဗျာ -
လူကြီးမင်းတို့သည် တိုင်းပြည်ကို စီမံအုပ်ချုပ်နေကြေသော ခေါင်းဆောင်ကြီးများဖြစ်ပြီး ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ စီမံအုပ်ချုပ်မှုကို ကြည်ဖြူစွာ လက်ခံသော ပြည်သူများဖြစ်ကြပါသည်။ လူကြီးမင်းတို့ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး၊ တိုင်းပြည်၏ စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်လာစေရေး၊ ဘုရားတည်၊ ကျောင်းဆောက် သာသနာပြုလုပ်ငန်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းများတွင် ခြွင်းချက်မရှိ အပြုသဘောဆန်ဆန် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်ကို လေးစားဂုဏ်ပြုပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပြည်သူ့တို့၏ အသက်အန္တရာယ် မဆုံးရှုံးစေရေး ကာကွယ်ဆေးရရှိရေး၊ အချိန်နဲ့တပြေးညီ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ပြည်သူ့တို့၏ အသက်ဘေးကို ကပ်ရောဂါဘေးကြောင့် မဆုံးရှုံးစေရန် ဆောင်ရွက်ခဲ့သည်မှာ လေးစားဂုဏ်ပြုလောက်ပါသည်။ ထိုနည်းတူ ပြည်သူတို့၏ အသက်အန္တရာယ်၊ နေအိမ်စည်းစိမ်း ပျက်စီးဆုံးရှုံးအောင် ဆောင်ရွက်နေသည့် NLD အစွန်းရောက်တို့၏ အကြမ်းဖက်ဘေးအန္တရာယ်ကို စနစ်တကျ ကာကွယ်တားဆီးပေးခဲ့မည်ဆိုလျှင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၃၀၀၀)ကျော် (၄၀၀၀) ဝန်းကျင်အထိ သေဆုံးရလိမ့်မည် မဟုတ်ပါ။ တိုင်းပြည်တွင် လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများကို NLD ပါတီ ဦးဆောင်သူများက လုပ်ဆောင်နေသည်မှာ မှန်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော တာဝန်အရ တိုင်းပြည်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းလက်ခံ၍ စီမံအုပ်ချုပ်နေသူများအနေဖြင့် တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနှင့် လက်တွဲဆောင်ရွက်ရမည့် တာဝန်ရှိပါသည်။
နိုင်ငံတော်ကို စီမံအုပ်ချုပ်သူ ခေါင်းဆောင်ကြီးများအနေဖြင့် ပြည်သူပါဝင်သော ပြည်သူ့ကာကွယ်ရေးစနစ်ကို ဖော်ဆောင်မည်ဟု သတင်းစာရှင်းလင်းပွဲများမှ အတိအလင်း ကြေညာခဲ့သော်လည်း အစိုးရယန္တရားအတွင်း လုပ်ငန်းဖော်ဆောင်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနှင့် ပီပြင်အောင် လက်တွဲဆောင်ရွက်ခြင်း မရှိသည့်အခြေအနေကိုလည်း လူကြီးမင်းတို့အနေဖြင့် ထိန်းကျောင်းတည့်မတ်ပေးခြင်း မရှိခဲ့ပါ။ လုပ်ငန်းဖော်ဆောင်သူများသည် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူများနှင့် ပီပြင်စွာ လက်တွဲဆောင်ရွက်ခြင်း မရှိသည့်အပြင် အကြမ်းဖက်အားပေး လုပ်နေသူများနှင့် ဖက်လှဲတကင်း လုပ်နေကြသည်မှာလည်း လွန်စွာစိုးရိမ်ဖွယ် အခြေအနေဖြစ်ပါသည်။
အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများအပေါ် ကျောသား ရင်သား မခွဲခြားခြင်းသည် ကောင်းမွန်မှန်ကန်သော ရပ်တည်ချက်ဖြစ်ပါသည်။ သို့သော် NLD ပါတီကို ထောက်ခံသူများမှာ ဥပဒေဘောင်အတွင်း နေထိုင်လိုသူများ မဟုတ်ဘဲ အကြမ်းဖက်အားပေး၊ အကြမ်းဖက်လှုပ်ရှားသူ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ယောက်ျား/ မိန်းမအားလုံး ပါဝင်နေပြီး ဥပဒေဘောင်အတွင်း နေထိုင်သူမှန်သမျှကို စစ်ခွေး၊ ဘောမ၊ ဒလန် ခေါင်းစဉ်တပ်၍ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများတွင် ပူးပေါင်းခဲ့ကြသူများဖြစ်ပါသည်။ ထိုသို့သော အကြမ်းဖက်လှုပ်ရှားသူများကို ဥပဒေဘောင်အတွင်း နေထိုင်သော ပြည်သူများနှင့် တန်းတူသဘောထား၍ လွတ်လပ်စွာ အကြမ်းဖက်ခွင့် ပြုထားခြင်းသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်ပါသည်။ တိုင်းပြည်ကို ဦးဆောင်ခဲ့ကြသော ခေါင်းဆောင်ကြီးတချို့လည်း သက်ရှိထင်ရှား ရှိနေပါသေးသည်။ ယနေ့ မျက်မှောက် ကြုံတွေ့နေရသော အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေမှုများကို ကြားသိနေကြရသည်မှာ နှလုံးစိတ်ဝမ်း မအေးချမ်းနိုင်ကြလိမ့်မည်မဟုတ်ပါ။
ခေါင်းဆောင်ကြီးများအနေဖြင့် အာဏာကို မက်မောလွန်း၍ မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်ရာတွင် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်နေမှုများကို ဥပဒေက ပေးအပ်သည့်တာဝန်အရ တိကျစွာ ထိန်းသိမ်းဆောင်ရွက်သင့်သည်ဟု မှတ်ယူပါသည်။
လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခင်ဗျာ -
စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု အစရှိသော ကိစ္စရပ်များတွင် ပီပြင်စွာ ဆောင်ရွက်သကဲ့သို့ ပြည်သူတို့၏ အသက်အန္တရာယ် ကာကွယ်ရေးကို နံပါတ်တစ်အနေဖြင့် အလေးထား လုပ်ဆောင်သင့်ပါသည်။ လူကြီးမင်းတို့၏ မူဝါဒ၊ လုပ်ငန်းစဉ်များအရ အကြမ်းဖက်အန္တရာယ် ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ သို့သော် လုပ်ငန်းစဉ်များ ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ခြင်း မရှိသည့်အခြေအနေများကို အလေးအနက်ထား စိစစ်သုံးသပ်ပြီး မှန်ကန်တိကျစွာဖြင့် အကြမ်းဖက်အန္တရာယ်များ အမြန်ဆုံးချုပ်ငြိမ်းအောင် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနှင့် လက်တွဲကာ အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment